Chapter(1)
Introduction to PHP
PHP မိတ်ဆက်
PHP ဆိုတာဟာ server side scripting language တစ်ခုဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ အရင်ဆုံး PHP ကိုမလေ့လာမီ HTML တို့၊ Javascript တို့ကို အခြေခံအနည်းအကျဉ်း သိထားရပါမယ်။ ဒီlanguage တွေကို နည်းနည်းမှ တီးမိခေါက်မိ အရှိဘူးဆိုရင်တော့ အရင်ဆုံးလေ့လားထားဖို့အကြံပေးချင်ပါတယ်။
PHPဆိုတာဘာလဲ
ဒီမေးခွန်းဟာ စတင်လေ့လာသူတွေအတွက် အလွန်မေးသင့်တဲ့မေးခွန်းပါ။ ဒါမှ မြင်းစီးပြီး အထီးမှန်း အမမှန်းသိမှာပေါ့ဗျ။ :-p ကဲ PHP ဆိုတာကတော့ Pre Hypertext Preprocessor ရဲ့ အတိုကောက်တွပါ။ Hypertext Preprocessor လို့လည်းခေါ်ပါတယ်။ အရင်တုန်းကတော့ Personal Home Page လို့လည်းခေါ်ပါတယ်။ PHP ဟာ ASP လို server side scripting language တစ်ခုပါ။ ဒါ့ကြောင့် PHP ဟာ server ပေါ်မှာပဲ execute လုပ်ပါတယ်။ PHP ဟာ (MySQL, Informix, Oracle, Sybase, Solid, PostgreSQL, Generic ODBC, etc.) တို့လို Database တွေကို ထောက်ပံ့ပေး နိုင်ပါတယ်။ ဒါ့ထက် MySQL နဲ့ကတော့ အတွဲအညီဆုံးပါပဲ။ PHP ရဲ့အားသာချက် ကတော့ open source software ဖြစ်တဲ့အတွက် အလကား download ဆွဲပြီး အသုံးပြုနိုင်ခြင်းပါပဲ။ ကဲ မကောင်းဘူးလား :-D
PHP ဖိုင်တစ်ခုမှာ ဘာတွေပါသလဲ
PHP ဖိုင်တစ်ခုမှာ စာသားတွေ HTML tagsတွေနဲ့ တခြား scripting tag တွေပါနိုင်ပါတယ်။ မိမိရေးတဲ့ PHP ဖိုင်ကို ".php" ,".php3", ".phtml" တို့နဲ့သိမ်းနိုင်ပါတယ်။
ဘာ့ကြောင့်PHP ကိုသုံးသင့်တာလဲ
PHP ဟာ Windows, Linux, Unix စတဲ့ platform မျိုးစုံမှာ run နိုင်ပါတယ်။ ဒီကနေ့ အသုံးပြုနေတဲ့ server ပေါင်းစုံနဲ့ အဆင်ပြေစွာ အလုပ်လုပ်နိုင်ပါတယ်။ လိုအပ်တဲ့ resource တွေကိုလည်း www.php.net ကနေ အလကား download ဆွဲနိုင်ပါတယ်။ ဒါ့အပြင် လေ့လာဖို့လွယ်ကူပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ server side scripting language ဖြစ်ပါတယ်။
စတင်ပြင်ဆင်ခြင်း
PHP နဲ့စတင်ရေးသားတော့မယ်ဆိုရင် အောက်ပါ server တွေကို အရင်ဆုံး download လုပ်ပြီး မိမိကွန်ပျူတာမှာ Install လုပ်ထားရပါမယ်။
1.LAMP (Linux Apache MySQL PHP)
2.WAMP(Window Apache MySQL PHP)
3.XAMPP(X Apache MySQL PHP Preal, // X means cross-platform)
စာဖတ်သုလည်း google မှာသင့်တော်တဲ့ server ကိုရှာပြီး install လုပ်ထားလိုက်ပါနော်။
No comments:
Post a Comment